#Unicode
​မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမွုကြောင့် ကလေးငယ်တိုင်းလိုလို စာသင်ခန်းကို မဝင်ရောက်နိုင်ကြပါဘူး။ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းတွေကတော့ ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် ယနေ့တိုင်ထိတော့ သိသာတဲ့ အရွေ့တစ်ခုကို မတွေ့မြင်ကြသေးပဲကလေးငယ်တွေဟာ လမ်းပေါ်မှာ ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ ပလတ်စတစ်အိတ်ကောက်သူ ၊ သတင်းစာအဟောင်းတွေလိုက်တောင်းသူ ၊ ကော်ပစ္စည်းတွေလိုက်စုနေသူ ၊စံပယ်ပန်းရောင်းသူ ၊ ဂျာနယ်ရောင်းသူလေးတွေအဖြစ် ရပ်တည်နေကြပါတယ်။
အချို့ကလေးတွေကတော့ အပေါင်းအသင်းမှား အတွေးအခေါ်မှားပြီး ဘဝပျက်သူပျက် ၊ လူငယ်ထိန်းသိမ်းရေးစခန်းရောက်လိုရောက် ၊ ကော်ရွူသူ ရွူတဲ့ကလေးတွေလည်း ရှိနေပါတယ်။ဒါပေမယ့် လမ်းပေါ်မှာ ဘဝရပ်တည်နေရတဲ့ ကလေးတိုင်းကတော့ လူဆိုးလေးတွေမဟုတ်ကြပါဘူး။ ဘဝပေးကြောင့် လမ်းဘေးရောက်ရပေမယ့် စိတ်ထားကောင်းသူ ၊ လေ့လာသင်ယူတတ်သူ ကလေးငယ်တွေလည်း များစွာရှိနေပါတယ်။
ဒီနေ့တော့ အဲ့ဒီလို ကလေးလေး တစ်ယောက်ကို တွေ့ရပါတယ်။ ဒါကြောင့် လည်း ဒီလို စိတ်ဓာတ်ကောင်းတဲ့ ကလေးတွေကို ဂရုပြုမိရင်း တတ်နိုင်သူတွေကတစ်ဆင့် ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေတစ်ဆင့် ပြုပြင်ဂရုစိုက်မိကြရင် သူတို့ဘဝလေးတွေ လင်းလက်လာစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒီကလေးငယ်လေးနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေါ်စုလေး ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အခုလိုပဲ သူမရဲ့ လူမွုကွန်ရက်က တစ်ဆင့်ပြောပြလာပါတယ်။(((73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင်သွားတာ ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကျိမကြားတစ်ကြားနဲ့ဆိုတော့ ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလွုပ်ပီး ဝမ်းသာသွားတယ်
တော်သေးတာပေါ့ ကျေးဇူးပါ မောင်လေးရယ် မရီးဖုန်းလေး မင်းနဲ့သာမတွေ့ရင် လိုချင်တဲ့သူတွေလက်ထဲရောက်နေပီ တစ်ကယ်ဆိုရင် ဒီဖုန်းကို သူယူလို့ရတာပဲ ရိုးသားလိုက်တဲ့ကလေး ဒီပစ္စည်းကို သူ မမက်မောဘူးတဲ့ ဒီနားမှာ မရီးလိုပဲ ဆိုင်ကယ်ထဲ ဖုန်းတွေကျန်ကျန်ခဲ့တာသား​နဲ့တွေ့တဲ့သူတွေဆိုပြန်ရတာပေါ့ မရီးရယ် သူများဆိုပြန်ရမှာမဟုတ်ဘူး
မရီးလဲနောက်ဆို ဂရုစိုက်ပါနော် သူစိတ်ပူစကားပြောအပြီး မေးခွန်းလေးမေးမိတယ် မောင်လေးရေ ခုလိုမုန့်ဖိုးတောင်းရတာ အစဉ်ပြေလားသူတမ်းမဖြေနိုင်ပဲ ခေါင်းလေးငုံ့ချခါ မျက်ရည်လေး ဝဲလာပီး မရီးရယ် အစဉ်မပြေပါဘူး တစ်ရာနှစ်ရာကို လူတွေကမပေးချင်ပါဘူး သားလဲ ခုလိုမျိုးမလုပ်ချင်ဘူး
ဒါပေမဲ့ သားတို့မိသားစုက ပိုက်ဆံမရှိဘူးလေ အပြင်အလုပ် လုပ်ဖို့ကျ သားကငယ်တော့ သားအရွယ်နဲ့အပြင်အလုပ်လဲ ဘယ်အလုပ်မှမခေါ်ဘူးလေ စိတ်ချဘာ မရီး သားကြီးရင် အလုပ်လုပ်တော့မှာ ညီလေးကိုလဲ ကျောင်းထားမှာဘာ သူ့မှာရည်ရွယ်ချက်တွေ အိမ်မက်တွေ ရှိနေတယ်
မရီးဖုန်းနံပါတ်ယူသွားနော် တစ်စုံတစ်ခုအခက်အခဲ အကူအညီ ရှိလာရင် မရီးစီအချိန်မရွေးဆက်သွယ်နော် မရီးအတတ်နိုင်ဆုံးထိကူညီပေးမယ်နော် မနက်ဖြန် မရီး ဒီဘက်ကို ဒီချိန်လောက်ပြန်လာခဲ့မယ်နော်…..အများကြီးမကူညီနိုင်တောင် မရီးတတ်နိုင်သလောက် ကူညီပေးမယ်နော် မနက်ဖြန်မတွေ့ရင် မရီး မတွေ့မချင်းပြန်လာရှာမယ်နော်…… မရီးကို ဓာတ်ပုံလေးရိုက်ပီး တင်ခွင့်ပြုလို့ ကျေးဇူးဘာနော်…….
အခုလို စိတ်ထားကောင်းပြီး ၊ အချောင်လိုချင်စိတ်မရှိတဲ့ လေးစားဖွယ် စိတ်ဓာတ်နဲ့ကလေးငယ်လေးကို အများသိပြီး ကူညီမွုလေးရစေလိုရင်တော့ လက်ဆင့်ကမ်းပြီး မှျဝေပေးကြပါဦးနော်။SMT( Shwe Yaung Lan)
#Zawgyi
ဒီကလေးငယ်လေးနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေါ်စုလေး ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အခုလိုပဲ သူမရဲ့ လူမှုကွန်ရက်က တစ်ဆင့်ပြောပြလာပါတယ်။(((73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင်သွားတာ ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကျိမကြားတစ်ကြားနဲ့ဆိုတော့ ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလှုပ်ပီး ဝမ်းသာသွားတယ်
အခုလို စိတ်ထားကောင်းပြီး ၊ အချောင်လိုချင်စိတ်မရှိတဲ့ လေးစားဖွယ် စိတ်ဓာတ်နဲ့ကလေးငယ်လေးကို အများသိပြီး ကူညီမှုလေးရစေလိုရင်တော့ လက်ဆင့်ကမ်းပြီး မျှဝေပေးကြပါဦးနော်။SMT( Shwe Yaung Lan)
No comments:
Powered by Blogger.