တောင်ကိုရီးယားအမျိုးသမီး မုဒိမ်းကျင့်မှု နဲ့ ပထမဆုံးအကြိမ် တရားစွဲခံရ

+++++++++++++++++

အမျိုးသားတစ်ဦး ကို ဆေးခတ်ပြီး မုဒိမ်းကျင့်ဖို့ ကြံရွယ်မှု နဲ့ အသက် ၄၀ ၀န်းကျင်ရှိ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းတလျှောက် အမျိုးသမီး တစ်ဦးကို မုဒိမ်းမှုနဲ့ တရားစွဲဆိုတာ ပထမဆုံးအကြိမ် ဖြစ်ပြီး အမျိုးသားတစ်ဦး ကို မတော်မတရားပြုမှုနဲ့ အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ဖမး်ဆီးလိုက် တာလည်း ဖြစ်တယ်လို့ ကိုရီးယားဟာရဲလ် သတင်း ကဖော်ပြခဲ့ပါတယ်။

အမျိုးသမီးတွေကို မုဒိမ်းမှုကျူးလွန်သူတွေအဖြစ် ၂၀၁၃ ဇွန် မတိုင်ခင်အထိ တောင်ကိုရီးယားဥပဒေက အသိအမှတ်မပြုခဲ့ပါဘူး။ ဒါဟာ မုဒိမ်းကျင့် ခံရတဲ့အမျိုးသားတွေက ရဲကို တိုင်ချက်ဖွင့်လို့မရနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

မျိုးရိုးအမည် ဂျီအွန်းလို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ အိမ်ထောင်ပြုထား ပြီဖြစ်တဲ့ သူ့ချစ်သူ အမျိုးသားကို သူ့နေအိမ်မှာ ဆေးခတ် မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အပြင် ယငး်အမျိုးသား နိုးလာချိန်မှာ ထွက်ပြေးဖို့ ကြံတာကြောင့် တုံးတဲ့ အရာ၀တၳုတစ်ခုနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွဲချက်နောက်တစ်ခုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Ref: The Korea Herald/ Asia News Network

ပုံ - TNP ( သရုပ်ဖော်ပုံဖြစ်သည်)


No comments:

Powered by Blogger.