#Unicode
ဒီဇင်ဘာလ (၆) ရက်နေ့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ONE: MARK OF GREATNESS ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ တီရယ်ထန်း

One Championship မှ ကြီးမွူးကျင်းပခဲ့သော Reign-of-valor ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရရှိခဲ့တဲ့ ချင်းတိုင်းရင်းသား တီရယ်ထန်းဟာ ဒီဇင်ဘာလ ၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ONE: MARK OF GREATNESS ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့က သုဝဏ္ဏအားကစားပြိုင်ပွဲရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championshipရဲ့ Reign-of-valor ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားတီရယ်ထန်းဟာ သူ့ရဲ့ MMA ကစားသမားဘဝ ပထမဆုံး ပြိုင်ပွဲအဖြစ် ကမ္ဘောဒီးယားတိုက်ခိုက်ရေးကစားသမား ရင်ဆာရုဒ်နဲ့ သုံးချီအထိ ယှဉ်ပြိုင်ခဲ့ပြီး နောက် ဆုံးမှာ ဒိုင်လူကြီးများရဲ့ အမှတ်ပေးဆုံးဖြတ်ချက်နဲ့ နိုင်ပွဲ စတင်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ပထမပွဲမှာ ထိုးခဲ့တဲ့ပုံစံနဲ့မတူဘဲ အခြားပုံစံကို ပြနိုင်ဖို့အတွက် ကျွန်တော်လက်ဝေှ့ကိုလည်း ပိုမို အားစိုက်လေ့ကျင့်နေသလို အကောင်းဆုံးကြိုးစားလေ့ကျင့်နေပါတယ် ” ဟု တီရယ်ထန်းက သူ့ရဲ့ လူမွုကွန်ရက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

” လာမည့်ဒီဇင်ဘာလ ၆ ရက်နေ့မှာ ချင်းတိုင်းရင်းသား တီရယ်ထန်းရဲ့ပြိုင်ပွဲအတွက် သူနဲ့ အတူ မလေးရှားမှ ရှိနေပါမယ်။ ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို မစောင့်နိုင်တော့ဘူး” လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

တီရယ်ထန်း ရဲ့ ပြိုင်ဘက်ကတော့ ကိုရီးယားနိုင်ငံသား ” Kim Woon Kyoum ” ဖြစ်ပြီး မွေထိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးသတ်နိုင်တဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။

တီရယ်ထန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး အသက် ၆ နှစ် အရွယ်ကတည်းက ချင်း ရိုးရာ နဘန်းပညာကို စတင်အကျွမ်းတဝင်ရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ချင်းပြည်နယ်မှာ ချင်းနဘန်း ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ်မှာတော့ မိဘများနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွွေ့နေထိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ကျောင်းပေါင်းစုံ ဖရီးစတိုင်နဲ့ ဂရီတို-ရိုမန် နဘန်းပြိုင်ပွဲမှာ နယူးယောက်ပြည်နယ် ရဲ့ ချန်ပီယံဖြစ်ခဲ့သလို တိုက်ကွမ်ဒိုပြိုင်ပွဲမှာလည်း ခါးပတ်နက် ရရှိခဲ့ပါတယ်။OneChampionship






#Zawgyi
ဒီဇင္ဘာလ (၆) ရက္ေန႔ မေလးရွားႏိုင္ငံမွာ က်င္းပမယ့္ ONE: MARK OF GREATNESS ၿပိဳင္ပြဲအတြက္ အေကာင္းဆုံးျပင္ဆင္ေနတဲ့ တီရယ္ထန္း

One Championship မွ ႀကီးမႉးက်င္းပခဲ့ေသာ Reign-of-valor ၿပိဳင္ပြဲမွာ ပထမဆုံး ႏိုင္ပြဲရရွိခဲ့တဲ့ ခ်င္းတိုင္းရင္းသား တီရယ္ထန္းဟာ ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပမယ့္ ONE: MARK OF GREATNESS ၿပိဳင္ပြဲအတြက္ အေကာင္းဆုံးႀကိဳးစားျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့မတ္လ ၈ ရက္ေန႔က သုဝဏၰအားကစားၿပိဳင္ပြဲ႐ုံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ One Championshipရဲ႕ Reign-of-valor ၿပိဳင္ပြဲမွာ ခ်င္းတိုင္းရင္းသားတီရယ္ထန္းဟာ သူ႔ရဲ႕ MMA ကစားသမားဘဝ ပထမဆုံး ၿပိဳင္ပြဲအျဖစ္ ကေမာၻဒီးယားတိုက္ခိုက္ေရးကစားသမား ရင္ဆာ႐ုဒ္နဲ႔ သုံးခ်ီအထိ ယွဥ္ၿပိဳင္ခဲ့ၿပီး ေနာက္ ဆုံးမွာ ဒိုင္လူႀကီးမ်ားရဲ႕ အမွတ္ေပးဆုံးျဖတ္ခ်က္နဲ႔ ႏိုင္ပြဲ စတင္ရရွိခဲ့တယ္လို႔ သိရပါတယ္။

“ပထမပြဲမွာ ထိုးခဲ့တဲ့ပုံစံနဲ႔မတူဘဲ အျခားပုံစံကို ျပႏိုင္ဖို႔အတြက္ ကြၽန္ေတာ္လက္ေဝွ႔ကိုလည္း ပိုမို အားစိုက္ေလ့က်င့္ေနသလို အေကာင္းဆုံးႀကိဳးစားေလ့က်င့္ေနပါတယ္ ” ဟု တီရယ္ထန္းက သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေရးသားေျပာဆိုခဲ့ပါတယ္။

” လာမည့္ဒီဇင္ဘာလ ၆ ရက္ေန႔မွာ ခ်င္းတိုင္းရင္းသား တီရယ္ထန္းရဲ႕ၿပိဳင္ပြဲအတြက္ သူနဲ႔ အတူ မေလးရွားမွ ရွိေနပါမယ္။ ယွဥ္ၿပိဳင္မယ့္ပြဲစဥ္ကို မေစာင့္ႏိုင္ေတာ့ဘူး” လို႔ ေအာင္လအန္ဆန္က သူ႔ရဲ႕ လူမူကြန္ရက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္။

တီရယ္ထန္း ရဲ႕ ၿပိဳင္ဘက္ကေတာ့ ကိုရီးယားႏိုင္ငံသား ” Kim Woon Kyoum ” ျဖစ္ၿပီး ေမြထိုင္းကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ထိုးသတ္ႏိုင္တဲ့ကစားသမားတစ္ဦး ျဖစ္ပါတယ္။

တီရယ္ထန္းကို ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး အသက္ ၆ ႏွစ္ အ႐ြယ္ကတည္းက ခ်င္း ႐ိုးရာ နဘန္းပညာကို စတင္အကြၽမ္းတဝင္ရွိခဲ့သူ ျဖစ္ပါတယ္။ သူဟာ ခ်င္းျပည္နယ္မွာ ခ်င္းနဘန္း ခ်န္ပီယံ ၄ ႀကိမ္ျဖစ္ခဲ့ၿပီး အသက္ ၁၀ ႏွစ္အ႐ြယ္မွာေတာ့ မိဘမ်ားနဲ႔အတူ အေမရိကန္ျပည္ေထာင္စုကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွာလည္း ေက်ာင္းေပါင္းစုံ ဖရီးစတိုင္နဲ႔ ဂရီတို-႐ိုမန္ နဘန္းၿပိဳင္ပြဲမွာ နယူးေယာက္ျပည္နယ္ ရဲ႕ ခ်န္ပီယံျဖစ္ခဲ့သလို တိုက္ကြမ္ဒိုၿပိဳင္ပြဲမွာလည္း ခါးပတ္နက္ ရရွိခဲ့ပါတယ္။OneChampionship



No comments:

Powered by Blogger.