မြန်မာနိုင်ငံရဲ့ နမာည်အကြီးဆုံး Social influencer တစ်ယောက်အဖြစ်နဲ့ အောင်မြင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဘော်ဒီနဲ့ ပတ်သတ်ပြီးတော့ ဝေဖန်မှုတွေကို မကြာမကြာ ရလေ့ရှိတဲ့ နေခြည်ဦးကတော့ ပရိသတ်တွေ အံ့သြသွားစေမယ့် ဓါတ်ပုံတွေကို ထုတ်ပြလိုက်ပါပြီ။

နေခြည်ဦးကတော့ လတ်တလောမှာ ငပလီကမ်းခြေကို ရောက်ရှိနေတဲ့ သူမရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ ရေကူးဝတ်စုံ အစိမ်းရောင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ နေခြည်ဦးကတော့ ကျစ်လစ်ပြီး ကြွက်သားတွေပါထွက်နေတဲ့ သူမရဲ့ ဗိုက်သားအလှကိုလည်း အသားပေးပြီး ဓါတ်ပုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

နေခြည်ဦးရဲ့ ရုပ်ရှင်ကားဖြစ်တဲ့ အခမ်းနားဆုံး မေတ္တာကတော့ ၅ပတ်ဆက်တိုက် ရုံတင်ပြသနေတာဖြစ်လို့ အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။Nay Chi Oo






No comments:

Powered by Blogger.